မိုင်းဆတ် ဇူလိုင်-၁၈
ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မူ ကော်မတီ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ကော်မတီ၀င်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဇူလိုင်လ(၁၈)ရက် နေ့လည် ( ၂)နာရီခွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ရာ ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မူကော်မတီ ဥက္ကဋ္ဌ ဦးညီညီထွေးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးချေးငွေ အဆိုပြုလွှာများအား စီစစ်အတည်ပြုရွေးချယ်ထုတ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ ခရိုင်နိုင်ငံစီးပွားမြင့်တင်ရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ခရိုင်ရဲတပ်ဖွဲ့မှူးခရိုင်အဆင့် ဥပဒေ၊ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊မြေစာရင်းဦးစီးဌာန ဆည်မြောင်း ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ် ပြည်တွင်းအခွန်ဦးစီးဌာန၊ သမဦးစီးဌာန၊ မြို့နယ်စည်ပင်၊စက်မူလယ်ယာဦးစီးနာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုသရေးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မိုင်းဆတ်မြို့မိုင်းတွင်း တောင်ပေါ် ကျေးရွာမှ လုပ်ငန်းရှင် ဒေါ်အီးမှူးမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် cp ဝက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် ထုတ်ချေး (၁၂ဝ)သန်း အစား (၁၆၃.၂)သန်း ထုတ် ချေးပေးပါရန် တင်ပြမူလာမူအား အဖွဲ့မှကွင်းဆင်းစိစစ်ချက်/ တင်ပြချက်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ ချေးယူမည့်ပမာန၏ ( ၂)ဆ တန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများအား အာမခံအဖြစ်ထားရှိရေး၊ခံဝန်ကတိရေးထိုးရေး၊ ထောက်ခံတင်ပြသွားရန် ဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်
ရှမ်းပြည်နယ်အစိုးရအဖွဲ့