မိုင်းဆတ် ဩဂုတ်-၁၇
မိုင်းဆတ်ခရိုင်၏ မိုင်းဆတ်မြို့သစ်ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံဝန်းကျင် အတွင်း အပြင်တို့တွင် ပြည်သူလူထုစုပေါင်း သန့်ရှင်းရေးပြုလုပ်ရာ ဩဂုတ်လ(၁၇)ရက် နံနက်(၇)မှ (၈) နာရီခွဲထိ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး ဦးဆောင်သည့် ခရိုင် / မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်ပြီး စုစုပေါင်း အင်အား (၁၅၄)ဦး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ သန့်ရှင်းရေးအား ပြည်သူ့ဆေးရုံ ဝန်းကျင် အတွင်းနှင့် အပြင်ဘက် အရှေ့ဘက် အဝင်းလမ်း ဘေးဝန်းကျင် ဝဲယာ တို့ တွင် ဖြတ်စက်များဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်များခုတ်ထွင်ခြင်း၊ ရေမြောင်းများ ရှင်းလင်းခြင်းပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့