မိုင်းဆတ် ဩဂုတ်-၁၀
မိုင်းဆတ်ခရိုင်၏ မိုင်းဆတ်မြိ.မယ်ဆွမ်မြောက်ရပ်ကွက်ဝမ်ကန်ရပ်ရှိ အ.ထ.က ကျောင်းဝန်းကျင် အတွင်း အပြင်တို့တွင်ပြည်သူလူထုစုပေါင်း သန့်ရှင်းရေးကို ဩဂုတ်လ(၁၀)ရက်နေ့ နံနက်(၇)နာရီမှ (၈) နာရီခွဲအထိ ပြုလုပ်ရာ၊ စကခ (၁၄) ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးဝင်းကျော်သန့် နှင့် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်အရာရှိများ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီထွေး ဦးဆောင်သည့် ခရိုင် / မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များပါဝင် ပြီးစုစုပေါင်း အင်အား (၂၄၁)ဦးစုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ သန့်ရှင်းရေးအား မယ်ဆွမ်မြောက်ရပ်ကွက်ဝမ်ကန်ရပ်ရှိ အ.ထ.က ကျောင်း ဝန်းကျင် အတွင်းနှင့် အပြင်ဘက် အရှေ့ဘက် အဝင်းလမ်း ဘေးဝန်းကျင် ဝဲယာ တို့ တွင် ဖြတ်စက်များဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်များခုတ်ထွင်ခြင်း ရေမြောင်းများ ရှင်းလင်းခြင်းပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့