မိုင်းဆတ် ဇူလိုင်-၁၃
မိုင်းဆတ်ခရိုင်၏ မိုင်းဆတ်မြို့ ကျဒယ်ရပ်ကွက်၊ အ.လ.က(ကျဒယ်) ကျောင်းဝန်းကျင်အတွင်းအပြင်နှင့် ဘောလုံးအားကစားကွင်းအတွင်းတို့တွင် ပြည်သူလူထုစုပေါင်း သန့်ရှင်းရေးပြုလုပ်ရာ၊ ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၇)မှ (၈) နာရီခွဲအထိ စကခ (၁၄) ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်နှင့် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်အရာရှိများ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့် ဦးဆောင်သည့် ခရိုင် / မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်ပြီး စုစုပေါင်း အင်အား (၂၈၀)ဦး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေးအား ကျဒယ် ရပ်ကွက်၊အလ.က(ကျဒယ်) ကျောင်း ဝန်းကျင် အတွင်းနှင့် အပြင်ဘက် အရှေ့ဘက် အဝင်းလမ်း ဘေးဝန်းကျင် ဝဲယာ တို့ နှင့် ဘောလုံးအားကစားကွင်းအား မြက်ဖြတ်စက်များဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်များခုတ်ထွင်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့