မိုင်းဆတ် ဇွန်-၈
မိုင်းဆတ်ခရိုင်၏ မိုင်းဆတ်မြို့မယ်ဆွယ်မြောက်ရပ်ကွက်၊ အထက ခွဲလ-၂(မိုင်းဆတ်)ကျောင်းအတွင်း အပြင်တို့တွင်ပြည်သူလူထုစုပေါင်း သန့်ရှင်းရေးကို ဇွန်လ(၈)ရက် နံနက် (၇)နာရီမှ (၈) နာရီခွဲထိ ပြုလုပ်ရာ၊ စကခ (၁၄) ယာယီနည်းဗျူဟာမူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်နှင့် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်အရာရှိများ၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေး ဦးဆောင်သည့် ခရိုင် / မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များပါဝင် ပြီးစုစုပေါင်း အင်အား ( ၂၇၅ )ဦးစုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ သန်ရှင်းရေးအား အထကခွဲ-လ- ၂ ကျောင်းအတွင်းနှင့် အပြင်ဘက် အရှေ့ဘက် အဝင်းလမ်း ဝန်းကျင်ကျောင်းဘေးဝဲယာတို့အားမြက်ဖြတ်စက်များဖြင့်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်များခုတ်ထွင်ခြင်းများပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့