တောင်ကြီး နိုဝင်ဘာ-၁၅
တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်တွင်မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲကိုနိုဝင်ဘာ(၁၄)ရက်ညနေ(၅)နာရီကတောင်ကြီးမြို့စူဠာမုနိလောကချမ်းသာစေတီတော်ဘုရားရင်ပြင်တွင်ကျင်းပသည်။
မသိုးသင်္ကန်းရက်လုပ်ပွဲကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊၊ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများသည်ဓမ္မဓိန္နာစင်တော်၊ဂေါတမီစင်တော်၊သုဇာတာစင်တော်၊သာမာဝတီစင်တော်၊ဥပ္ပလဝဏ်စင်တော်တို့တွင်ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှကျောင်းသူလေးများကမသိုးသင်္ကန်းရက်လုပ်ဆောင်ရွက်နေမှုကိုလှည့်လည်ကြည့်ရှူအားပေးကြကြောင်းသိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊တိုင်းမှူးနှင့်ဇနီး၊တာဝန်ရှိသူများသည်ရှမ်းစာပေယဥ်ကျေးမှုအဖွဲ့မှကိန္နရီ၊ကိန္နရာ၊တိုးနယားအကများဖြင့်ကပြဖျော်ဖြေနေမှုကိုကြည့်ရှုအားပေးကြပြီးပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
၎င်းနောက်၍နိုဝင်ဘာ(၁၅)ရက်နံနက်(၄)နာရီကတောင်ကြီးမြို့စူဠာမုနိလောကချမ်းသာစေတီတော်၌စူဠာမုနိလောကချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်အားမသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကတာဝန်ရှိသူများအားရက်လုပ်ပြီးမသိုးသင်္ကန်းများပေးအပ်ပြီးပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကဦးဆောင်၍စူဠာမုနိဘုရားတစ်ပတ်လှည့်လည်ပြီးစေတီအတွင်းရှိရုပ်ပွားတော်(၄)ဆူအားမသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပေးကြသည်။
ထိုနောက်ဆရာတော်သံဃာတော်များကဗုဒ္ဓဘိသေကအနေကဇာတင်ပေးကြပြီးအခမ်းအနားကိုပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသောဧည့်ပရိတ်သတ်တို့ကနမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်၍နိုင်ငံတော်သြဝါဒါစရိယ၊တောင်ကြီးမြို့ကံသာရပ်ကွက်စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက်ဦးစီးပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ၊မဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီးဆရာတော်၊သံဃာတော်အရှင်သူမြတ်များကပွားများအပ်သောမေတ္တာသုတ်ပရိတ်တရားတော်မြတ်ကိုနာယူကြည်ညိုကြသည်။
ဆက်လက်၍စူဠာမာနိလောကချမ်းသာစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးညိုလုံးကစေတီတော်ဘက်စုံပြင်ဆင်မှုနှင့်စပ်လျဥ်း၍တင်ပြလျှောက်ထားပြီးဆရာတော်၊သံဃာတော်များအားရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများကလှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပေးကြပြီးတောင်ကြီးမြို့၊ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌသိမ်တောင်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယကဆရာတော်(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ဘဒ္ဒန္တတေဇဝန္တထံမှလှူဒါန်းမှုအစုစုအတွက်အနုမောဒနာတရားနာယူကြည်ညို၍ရေစက်သွန်းချအမျှပေးဝေကာအခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း ၍ ရုပ်သိမ်းလိုက်ပြီးဆရာတော်သံဃာတော်များအားအရုဏ်ဆွမ်းဆက်ကပ်ပေးကြကြောင်းသိရသည်။
၎င်းနောက်အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား၊မြို့လယ်ဓမ္မာရုံကြီး၌ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော(၇၄)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကျင်းပရာအခမ်းအနားကိုဆရာတော်၊သံဃာတော်၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသောဧည့်ပရိတ်သတ်တို့ကနမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန် တော့၍ဖွင့်လှစ်ပြီးနိုင်ငံတော်သြဝါဒါစရိယစွန်းလွန်ဂူကမ္မဋ္ဌာန်းကျောင်းတိုက်ဦးစီးပဓနာနာယကအဂ္ဂမဟာပဏ္ဍိတ၊မဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီးဆရာတော်၊သံဃာတော်အရှင်သူမြတ်များပွားများအပ်သောမေတ္တာသုတ်ပရိတ်တရားတော်မြတ်ကိုနာယူကြည်ကြသည်။
ယင်းနောက်ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ပြည်နယ်တရားလွှတော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ကဆရာတော်သံဃာတော်များအားဆက်ကပ်လှူဒါန်းပေးကြပြီးကထိန် သင်္ကန်း အလှူခံရရှိသောဘုန်းကြီးကျောင်းများအားပြည်နယ်၊ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ဂေါပကအဖွဲ့များတို့ကဆက်
ကပ်လှူဒါန်းပေးကြရာကထိန်အညွှန်းအားရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊သိမ်တောင်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယကဆရာတော်(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ဘဒ္ဒန္တတေဇဝန္တမှညွှန်းပေး၍လှူဒါန်းမှုအစုစုအတွက်ဆရာတော်ကြီးထံအနုမောဒဒနာတရားနယူကြည်ညို၍ရေစက်သွန်းချအမျှပေးဝေကာအခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်းရုပ်သိမ်းလိုက်ပြီးဆရာတော်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်းသိရှိသည်။
အဆိုပါ၂၀၂၄ခုနှစ်(၇၄)ကြိမ်မြောက်တောင်ကြီးမြို့၊မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတွင်အလှူရှင်များထည့်ဝင်လှူဒါန်းမှုမှာပဒေသာပင်(၉၉)ပင်တန်ဘိုးငွေသား(၃၈၈၈၇၀၀၀)ကျပ်နှင့်ပစ္စည်းမျိုးစုံတန်ဖိုးငွေ(၁၀၂၂၂၈၈၀၀)ကျပ်စုစုပေါင်းငွေသား၊ပစ္စည်းမျိုးစုံတန်ဖိုးငွေကျပ်(၁၄၁၁၁၅၈၈၀၀)သိန်းရရှိကြောင်းသိရသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့