တောင်ကြီး မတ်-၁၇
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ ချီးမြှင့်ပူဇော်ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်းကို မတ်(၁၇)ရက်မွန်းလွဲ(၁)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့်အခမ်းအနားကို ဆရာတော်၊ သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့၊ ရေးအေးကွင်းရပ်ကွက်၊ အေးစေတီပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ဘန္ဒန္တလက္ခဏသာမီဘိဝံသ ဆရာတော်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်အပ်သော မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်တောင်ကြီးမြို့ ကံသာရပ်ကွက် မဟာဓမ္မိကာရာမကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဆရာတော်အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလ ဓမ္မဇော်တိကဓဇ၊ ဘဒ္ဒန္တဓမ္မာနန္ဒာဘိဝံသက သြဝါဒကထာမြွက်ကြားချီးမြှင့်ပေးသည်။
ထို့နောက် ဆရာတော်ကြီးများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ YMBA(ဗဟိုဥက္ကဋ္ဌ) အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ သီရိသုဓမ္မမဏိဇောတဓရ ဦးရဲထွန်း(ကိုယ်စား) ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းရခြင်းနှင့် ချီးမြှင့်ရခြင်းအကြောင်း လျှောက်ထားတင်ပြသည်။
၎င်းနောက် ဆရာတော်များထံသို့ ဘွဲ့တံဆိပ်တော်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများတို့က ဆက်ကပ်လှူဒါန်းပေးကြပြီး လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) ဥက္ကဋ္ဌဦးရဲထွန်းမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိ ဇောတရဝဏ္ဏထင်မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးအောင်ခမ်းထီ၊ သီရိသုဓမ္မမဏိဇောတဓရ မဟာမင်္ဂလဇောတိကဓဇ ဦးနေဝင်းထွန်းတို့ကို ချီးမြှင့်အပ်နှင်းပေးပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဘွဲ့တံဆိပ်တော်ရသူများအား ချီးမြှင့်ပေး၍ ရှမ်းပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက ဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားယူ၍ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆို၍ရု တ်သိမ်းလိုက်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး