ကျိုင်းတုံ ဇန်နဝါရီ-၁၉
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ( ၉/ ၂၀၂၅ )တွင် တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းများ ကြိုဆိုနှုတ်ဆက်အားပေးခြင်း အခမ်းအနားကို ဇန်နဝါရီလ( ၁၉) ရက် နံနက်( ၈ ) နာရီတွင် ကျိုင်းတုံမြို့၊ အမှတ်(၁၁)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမုခ်ဦးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဦးဆောင်သော စစ်ဘက်အရာရှိကြီးများ၊ တပ်မိသားစုဝင်များ၊ နယ်ဘက်ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့်အတူ အခမ်းအနားအားတက်ရောက်၍ ကြိုဆိုနှုတ်ဆက်အားပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး