မိုင်းဆတ် မတ်-၁၆
ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၁၆)ရက် နံနက်(၈)နာရီခွဲတွင် မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၎င်းအစည်းအဝေးကို ခရိုင် ပြည်သူ့စစ်မူထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဌဦးညီညီထွေး၊ အဖွဲ့၀င်များဖြစ်ကြသော ဒုဗိုလ်မှူးကြီးတင်ထွန်းဝင်း၊ ဒုဗိုလ်မှူးကြီးသန့်ဇင်လှိုင်၊ မြို့နယ် ပြည်သူ့စစ်မူးထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများတက်ရောက်ခဲ့ပြီး ခရိုင်အဖွဲ့ဥက္ကဌ မှ ပြည်သူ့စ်မှုထမ်းရန် အကျုံးဝင်သူများ စာရင်းကောက်ယူမှုများအချိန်မီပြီးစီးနိုင်ရေး သတ်မှတ်ပုံစံများ စနစ်တကျ မှတ်တမ်း ရေးသွင်းဆောင်ရွက်ရမည့်လုပ်ငန်းများအလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့်တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ်လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး