ကျိုင်းတုံ ဩဂုတ်-၁၅
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့ )၊ အစည်းအဝေးခန်းမတွင် ဩဂုတ်လ(၁၅) ရက်၊ မွန်းလွဲပိုင်း( ၂ ) နာရီတွင် ပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာများနှင့် သတင်းညှိနှိုင်း အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ ပြည်နယ်ခွဲ အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ စုစုပေါင်းအင်အား ( ၅၀ ) ဦးခန့်နှင့်အတူ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ ပြည်နယ်ခွဲအဆင့်ဌာနဆိုင်ရာများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း များပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့