တောင်ကြီး ဖေဖော်ဝါရီ-၂၇
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၅)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စ ဥ်(၁/၂၀၂၅)ကို ဖေဖေါ်ဝါရီ(၂၆)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးမှာ ၂၀၂၅ခုနှစ်တွင် ပထမအကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး လစဥ်ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်၍ တင်ပြလာသည့်ကိစ္စရပ်များအား လျင်မြန်စွာ ဆုံးဖြတ်ဆောက်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီမှ ခွင့်ပြုပေးနိုင်သည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆုံးဖြတ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် ခွင့်ပြုပေးသလို ဆက်လက်တင်ပြရမည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံး တင်ပြဆောင်ရွက်ပေးနေသည်ကို ပြောကြားလိုကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအနေဖြင့် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသော အမှုတွဲများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေနှင့်အညီ စီမံခန့်ခွဲသောမြေနှင့် လွတ်ကင်းသောဧရိယာများကိုသာ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း ပြေကြားသည်။
ထို့နောက် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ပြည်နယ်ဦးစီးမှူးက လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဥ် (၅/၂၀၂၄)ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဥ် (၅/၂၀၂၄)ဆုံးဖြတ်ချက်များအား ဖက်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဥ်(၁/၂၀၂၅) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန်အစည်းအဝေး အမှတ်စဥ်(၁/၂၀၂၅) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး