တောင်ကြီး နိုဝင်ဘာ-၁၃
၂၀၂၄ ခုနှစ် ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ရှမ်းပြည်နယ်အသင်းပါဝင် ယှဥ်ပြိုင်ရေးနှင့် အောင်မြင်မှုရရှိစေရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၁၃) ရက်၊ နံနက် (၉) နာရီခွဲ က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အောင်မြင်မှု ရရှိနိုင်မည့် အားကစားနည်းကို ပြည်နယ်အားကာမှူးမှ အောင်နိုင်ရေးရရှိနိုင်သည့် အားကစား နည်းအလိုက် အားသာချက်ရှိသောအားကစားများကို ကူညီပံ့ပိုးပေးရန် ရည်မှန်းချက်ရှိပါက ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ အောင်မြင်နိုင်သောအားကစားနည်းကို မဖြစ်မနေအောင်မြင်မှု ရအောင် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားနည်းအလိုက် အောင်မြင်မှု ဆုတံဆိပ်များရရှိပြီးပြန်လာပါက ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ကော်မတီများနှင့် ဘဏ္ဍာရေးဆပ်ကော်မတီများက အလေးအနက်ထားပြီး အားကစားနည်းအပေါ် မူတည်၍ ဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ဆက်လက်၍ ဘဏ္ဍာငွေရှာဖွေရေးနှင့်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် မှ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ရှမ်းပြည်နယ်အားကစားအသင်းများ ဝင်ရောက်ယှဥ်ပြိုင် နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ငွေကြေးသုံးစွဲမည့်အခြေအနေများ တင်ပြရှင်းလင်း ကြကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ လုပ်ငန်းဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့