ဟိုပုံး နိုဝင်ဘာ-၂၄
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓ ပူဇေနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော်ပိတ်ပွဲကို နိုဝင်ဘာလ (၂၃) ရက် ည (၆) နာရီက အဆိုပါဘုရား၌ ကျင်းကြသည်။
ဦးစွာ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း၊ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်သိန်းနိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပန်း၊ ရေချမ်း၊ ဆီမီးတို့ကိုဆက်ကပ်လှူဒါန်းပေးကြပြီး ရတနာဒီပံဆီမီး အလင်းတိုင် ထွန်းညှိပူဇော်ပေးခြင်းနှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရသည်။
ထို့နောက် အဆိုပါဘုရားရှေ့၌ အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက မီးပုံးအကအလှဖြင့် ကပြဖျော်ဖြေခြင်း၊ ရောင်စုံဌက်ရုပ်မီးပုံးပျံနှင့် မီးပုံး ငယ်များလွှတ်တင်ပေးကြပြီး လီဆူစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ ရှမ်းစာပေယဥ်ကျေးမှုအဖွဲ့၊ ပအိုဝ်း စာပေယဥ်ကျေးမှုအဖွဲ့တို့မှ မီးပဒေသာလှည့်လည်ပူဇော်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များ၊ တာဝန်ရှိ သူများက ကြည့်ရှုအားပေးကြပြီး မီးပဒေသာလှည့်လည်ပူဇော်ပေးသည့်အဖွဲ့များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပရေးနာယက၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ် ဆုရတိုင်းကျော်အဖွဲ့များအား တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပရေးနာယက၊ ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်တို့က အသီးသီးဂုဏ်ပြုဆုများ ပေးအပ် ကြကြောင်းသိရသည်။
၎င်းနောက် စိန်နားပန်မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးပဒေသသာလှည့်လည်ပူဇော်ပေးကြသော နောင်ခုံးကျေးရွာ၊ နောင်တောင်းကျေးရွာ၊ တိလုံကျေးရွာ၊ လုံခုတ်ကျေးရွာနှင့် ညမီးကြီးနှစ်သိမ့်ဆုရ နဂါးပျံမီးပုံးပျံအဖွဲ့၊ ညမီးကြီးဒုတိယဆုရ မွေတော်မီးပုံးပျံအဖွဲ့၊ ညမီးကြီးပူဇော်လွှတ်တင်ပေးသည့် အဖွဲ့တို့ကို တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပရေးနာယကများ ဖြစ်ကြသော ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေး၊ ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အသီးသီးဆုချီးမြှင့်ပေးကြပြီး ညမီးကြီး ယမ်းမီးလွှတ်တင်ပေးကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့