ဆီဆိုင် မေ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မေလ(၃၁)ရက် နံနက် ၁၁ နာရီအချိန်ကမြို့ရေပေး ဝေရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှဝန်ထမ်းအိမ်ရာ ပြန်လည်ပြင်ဆင်နေမှုများအား တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာနခန်းမတွင်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှမြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ရေပေးဝေရေးကော်မတီ ဝင်များနှင့် တွေ့ဆုံ၍ဒေသခံပြည်သူများ သောက်သုံးရေအမြန်ပြန်လည်ဖြန့်ဝေပေးနိုင်ရေး၊မြို့ရေပေးဝေရေးလုပ်ငန်းများစနစ်တကျရှိစေရေးတို့အတွက် တာဝန်ရှိသူများကမြို့ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုအသီးသီးဆွေးနွေးတင်ပြကြပြီးနောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ
စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိ သူများသည် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ဖျက်ဆီးခဲ့မှုကြောင့်ပျက်စီးခဲ့သည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှလေးထပ်တိုက်ဝန်ထမ်းအိမ်ရာအဆောက်အဦ(၂)လုံး ပြန်လည်ပြင်ဆင် နေမှုများကို
သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအိမ်ရာပြင်ဆင်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါဝန်ထမ်းအိမ်ရာ ပြင်ဆင်ခြင်းလုပ်ငန်းသည် ဇွန်လ(ဒုတိယ)ပတ်တွင် ပြီးစီးမည်ဖြစ်ပြီး ဇွန်လ(တတိယ)ပတ်တွင်ဝန်ထမ်းများပြန်လည်နေရာချထားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့