ဟိုပုံး ဧပြီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သက်ကြီး ဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားကို ဧပြီလ(၁၇)ရက်နံနက် ၁၀ နာရီအချိန်က သီရိမင်္ဂလာဗိမ္မာန် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ခဲ့ ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဇနီး ဒေါ်မြတ်ခင်မော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ‌ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များက အသက်(၈၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား ဟိုပုံးမြို့ မြို့ဦးကွက်သစ်ရပ်ကွက် (၂၀)ဦး၊ မြို့ဦးရပ်ကွက်(၂၆)ဦး၊ တုံခမ်းရပ်ကွက်(၂၀)ဦး၊ အနောက်ရပ်ကွက် (၂၅)ဦး၊ အရှေ့ရပ်ကွက်(၄)ဦး၊ တောင်ရပ်ကွက်(၄၉)ဦး စုစုပေါင်း(၁၄၄)ဦးတို့အား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြပြီး သက်ကြီးဘိုးဘွားများ ကိုယ်စား မြို့ဦးရပ်ကွက်မှ အဘိုး ဦးပန်းမောင်က ဆုတောင်း မေတ္တာပို့သပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး