ဟိုပုံး မတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဆင်းပွဲကို မတ်လ(၂၀)ရက် နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
သင်တန်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်း အောင်နှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီးနောက် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သင်တန်းသား၊ သင်တန်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဆိုင်ရာဝေါဟာရများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်းများ၊ ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးသက်သာစေရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးနှင့် သဘာဝဘေး လျော့ပါးရေးအကြောင်းအရာများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဘေးအန္တရာယ်များကြောင့် ဆုံးရှုံးနိုင်ခြေကို ထည့်သွင်းရေးဆွဲခြင်းအကြောင်းအရာများ၊ ကြိုတင်သတိပေးချက်စနစ်ကို ခြုံငုံလေ့လာခြင်းနှင့် အသိပညာဖြန့်ဝေခြင်းအကြောင်းအရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြန်မာနိုင်ငံတွင် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များအကြောင်းအရာ သိကောင်းစရာများ၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ သတင်းတု၊ သတင်းမှားအန္တရာယ်အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်း ပို့ချပေးခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို မတ်လ(၁၈)ရက်နေ့မှ မတ်လ(၂၀)ရက်နေ့ အထိ စာတွေ့/လက်တွေ့ ပို့ချသင်ကြားပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး