ဟိုပုံး မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို မတ်လ(၁၈)ရက် နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး မောင်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေ အများဆုံးဖြစ်ပေါ် ခံစားနေရတဲ့ နိုင်ငံတစ်ခုဖြစ်သလို မိုးရာသီကာလတွေမှာ မုန်တိုင်ဘေး၊ မိုးကြိုးဘေးနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်တွေနဲ့ နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊ သဘာဝဘေးအန္တရာယ်တွေကို မဖြစ်ပွားအောင် တားဆီးခက်ခဲနိုင်ပေမယ့် သဘာဝဘေးအန္တရာယ်တွေဖြစ်ပွားလာရင် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် ဘေးမဖြစ်ပွားမီမှာ ကြိုတင်ပြင်ဆင်ခြင်း၊ ဘေးဖြစ်ပွားနေချိန်မှာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ဘေးဖြစ်ပွားပြီးနောက် ပြန်လည်တည်ဆောက်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်တွေထဲမှာပါတဲ့အတိုင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို စီမံဆောင်ရွက်ပေးနိုင်တဲ့အတွက် အထူးဝမ်းမြောက်မိပါကြောင်း၊ ဟိုပုံးမြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်/ကျေးရွာအသီးသီးကနေ ယခုဖွင့်လှစ်တဲ့ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန် ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို စိတ်ပါဝင်စားစွာ သင်တန်းတက်ရောက်လာကြသူတွေအနေနဲ့ မိမိတို့ရဲ့ ဒေသအတွင်းမှာ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါမှာ အကျိုးရှိရှိအသုံးချနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနများက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ် သဘောတရားများနဲ့ ချိတ်ဆက်ဆောင်ရွက်ပုံနည်းလမ်းများကို စာတွေ့/လက်တွေ့ သင်ကြားတဲ့အခါ စိတ်ပါဝင်စားစွာနဲ့ တက်တက်ကြွကြွပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး မိမိတို့ရပ်ရွာရဲ့ အကျိုးကို လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။ အဆိုပါသင်တန်းကို မတ်လ(၁၈)ရက်နေ့မှ မတ်လ(၂၀)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး