ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဇန်နဝါရီ လ(၂)ရက်နံနက် ၉ နာရီခွဲအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ ဟဲလုံဘုန်းတော် ကြီးကျောင်းနှင့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟွေ့တက်ကျေးရွာအခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်း က ပေါင်လင်းကျေးရွာအုပ်စု၊ ဟဲလုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဟွေ့တက်အခြေခံပညာအလယ်တန်ကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ၊ ဒေသခံပြည်သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြန်ကြား ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ သတင်းတု၊ သတင်းအမှားအကြောင်းအရာ များကိုလည်းကောင်း၊ လွတ်လပ်ရေးနေ့ဖြစ် ပေါ်လာပုံ၊ လွတ်လပ်ရေးရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်းရမည့် အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ထွန်းက မီးခိုးမြူငွေ့၊ စွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်အန္တရာယ်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က သဘာဝဘေးအန္တရာယ်အကြောင်း အရာများကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ် ပေါ်လာပါက ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။ ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ထွန်းနှင့် မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်တို့က ပတ်ဝန်းကျင် ထိန်းသိမ်းအကြောင်းအရာများနှင့် သဘာဝဘေးအန္တရာယ်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အမေး၊ အဖြေများပြုလုပ်၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရ သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး