ဟိုပုံး နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ(၂၇)ရက်မွန်းတည့် (၁၂) နာရီအချိန်က သီရိမင်္ဂလာဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီး များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နောက် ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူကြ သည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး နှင့် ဇနီး ဒေါ်မြတ်ခင်မော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများက ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် နဝကမ္မအလှူတော် ငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များထံမှ အနုမောဒနာတရားတော်နာ ယူပြီးနောက် လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကြောင်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် တန်ဆောင်မုန်းလ၏ အထင်ကရပွဲတော် တစ်ခုဖြစ်သော မဟာကထိန်ပွဲတော်ကြီးတွင် အဖွဲ့လိုက်သော်လည်းကောင်း ၊ တစ်ဦးချင်း သော်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများတွင် စေတနာထက်သန်စွာဖြင့် ရိုးရာမပျက် နှစ်စဥ်အေးချမ်းစွာ ကုသိုလ်ယူလှူဒါန်းကြကြောင်း သိရသည်။ အဆိုပါ မြို့လုံးကျွတ်စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၆) ရပ်ကွက်မှ ဒေသခံပြည်သူများ၊ အလှူရှင်များမှ လှူဒါန်းသည့် ပဒေသာပင်စုစုပေါင်း (၄၁)ပင် တန်ဖိုးငွေ ကျပ်သိန်း (၂၈၉၄၃၆၀၀)၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ လှူဒါန်းငွေကျပ် (၁၀)သိန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာလှူဒါန်းငွေကျပ်(၁၀)သိန်း၊ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး အလှူခံဌာနမှ လှူဒါန်းငွေကျပ်သိန်း(၂၂၄၅၀၀၀)၊ စုစုပေါင်းလှူဒါန်းငွေကျပ်သိန်း (၃၁၁၆၈၁၀၀) ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး