ဟိုပုံး နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် နောင်လေကျေးရွာအနီး မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး (AH-2) ဘုရားကိုးဆူကျောင်းတိုက်အနီးတွင် (Hopong View Point) အသစ်ဖွင့်လှစ် ထားကြောင်းသိရသည်။
အဆိုပါ (Hopong View Point)တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ ခတ္တနားနေနိုင်ခြင်း၊ အပန်းဖြေလည်ပတ်နိုင်ခြင်း၊ အလှပဓာတ်ပုံများရိုက်ကူးခြင်းဖြင့်၊ စိတ်အပန်း ဖြေလည်ပတ်နိုင်ရန်ဆောင်ရွက်ထားရှိခြင်းဖြစ်သည်။ တောင်ကြီးမြို့မှ အရှေ့ဘက်သို့ (၁၀)မိနစ် ခန့်ထွက်ခွာလာလျှင် ကားလမ်းတစ်လျှောက် လှပနေသော အဝါရောင် တောနေကြာပန်းများ၏ အလှအပကိုခံစားရင်း (Hopong View Point)တွင် ခေတ္တနားနေရင်းဖြင့် ပအိုဝ်းဒေသ၏ တောင်ကုန်း တောင်တန်းအလှအပများ၊ မျက်စိတစ်ဆုံးလှပနေသည့် အစိမ်းရောင်တောင်ယာ စိုက်ခင်းများ၊ ဟိုပုံးမြို့၏ မြို့ပြ အလှအပများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
(Hopong View Point) သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် (၉၅.၈) သန်းဖြင့် Gigabuilt ကုမ္ပဏီမှတာဝန် ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲလာရောက်သူများ၊ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ အပန်းဖြေလာရောက်လည်ပတ်ရင်း အလှဓာတ်ပုံရိုက်ကူးနိုင်မည့် နေရာတစ်ခု ဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး