ဟိုပုံး အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့လုံး ကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ(၂၀)ရက်နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မဟာဘုံကထိန်ပွဲတော်သည် ဗုဒ္ဓဘာသာတို့၏ ထင်ရှားသည့်ဘာသာရေးပွဲ တစ်ခုဖြစ်ပါကြောင်း၊ ပွဲတော်ကျင်းပမည့်ကော်မတီများလည်းဖွဲစည်းထားပြီးဖြစ်သည့်အတွက် အားနည်းချက်များမရှိစေရေး ကော်မတီဝင်များအချင်းချင်းပူးပေါင်းဆောင်ရွက်ရန်၊ လိုအပ်ချက် များညှိနှိုင်းပေါင်းစပ်ရန်တို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက စုပပေါင်းမဟာဘုံက ထိန်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ များက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကို ဒေသ အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၆)ရပ်ကွက်ရှိ ဒေသခံပြည်သူများ စုပေါင်း၍ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့တွင် အတုလမာန်အောင် ဘုန်းတော်ကြီးကျောင်းတွင် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး