ဟိုပုံး အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကလေးငယ် များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ(၁၈)ရက် နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ အနာဂတ်နိုင်ငံ့သားကောင်းရတနာများပေါ်ထွန်းလာစေရန်၊ ကလေး ငယ်များဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ဂိမ်းကစားနည်းတို့ကို စဉ်ဆက်မပြတ်ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းမှ ကလေးသူငယ်များက ဆေးရောင်ခြယ်ခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် ဉာဏ်စမ်းပဟေဠိဂိမ်းကစားနည်း အားကစားပြိုင်ပွဲများကျင်းပပြီး ထူးချွန်ဆုရရှိသူ များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်းသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ ဝန်ထမ်းများက အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်စာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး