ဟိုပုံး အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား (၃)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၁၅)ရက် ညနေ(၃)နာရီအချိန်က ဟိုပုံးမြို့မြို့မအားကစားကွင်းတွင်ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် စစ်ရေးပြမှူးမှ ဦးဆောင်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးအား အလေးပြုခဲ့ကြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပအိုဝ်းဒေသအတွင်းရှိ မြို့နယ်အသင်းများမှ အားကစား သမားများအနေဖြင့် နိုင်ငံတော်မှ အလေးထားဆောင်ရွက်နေတဲ့ အမျိုးသားအားကစားမြှင့် တင်ရေး တာဝန်များကို ဦးထိပ်ထားပြီး မြန်မာ့အားကစားအဆင့်အတန်းမြင့်မားရေးကို အမျိုးသားရေးအမြင်ဖြင့် ယှဉ်တွဲပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးကို နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးမှာ အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် အလေးထားပြီးရေတိုရေရှည်စီမံချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ယခုလိုဘောလုံးပြိုင်ပွဲကျင်းပခြင်းဟာ ပအိုဝ်းဒေသအတွင်းမှာရှိတဲ့ ရွက်ပုန်းသီမျိုးဆက်သစ် လူငယ်အားကစားသမားများပေါ်ထွက် လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အားကစားသမားများအားလုံးက မိမိမြို့နယ်ဂုဏ်၊ မိမိဒေသဂုဏ်တို့ထိန်းသိမ်းနိုင်ပြီး အားကစားသမားစိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်ကစားသွားကြပါလို့ မှာကြားခဲ့ကြသည်။ ယင်းနောက်ပြိုင်ပွဲဝင်အားကားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားအကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ ဒေသခံပြည်သူ ဘောလုံးဝါသနာရှင်များက ဟိုပုံးမြို့(လုံးတန်)ဘောလုံးအသင်းနှင့် ဆီဆိုင်မြို့(လွယ်မွန်း) ဘောလုံး အသင်းယှဉ်ပြိုင်နေမှုအားကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါဘောလုံး ပြိုင်ပွဲကို အောက်တိုဘာလ(၁၅)ရက်နေ့မှ အောက်တိုဘာလ(၂၉)ရက်နေ့အထိ အသင်းပေါင်း (၁၂)ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဟိုပုံးမြို့နယ်မှဘောလုံးအသင်း (၇)သင်း၊ ဆီဆိုင်မြို့ နယ်မှ ဘောလုံးအသင်း(၃)သင်းနှင့် ပင်လောင်းမြို့နယ်မှ ဘောလုံးအသင်း(၂)တို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး