ဟိုပုံး    စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပန်းခင်း(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ(၂၀)ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ဒေသဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  ပန်းခင်း(၁)စီမံချက်အား မေလ(၃)ရက်နေ့မှ နိုဝင်ဘာလ (၃) ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ပန်းခင်း(၂)စီမံချက်အား ဩဂုတ်လ(၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ (၁၇)လကြာ‌ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ပန်းခင်း စီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား နေထိုင်မှုပုံစံ(၄)မျိုးဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကိုင်ဆောင်လက်မှတ် ထုတ်ပေးရန် ကျန်ရှိနေသူများအား မိမိဌာနဝန်ထမ်းများမှ တစ်ဦးချင်း အမည်စာရင်းကောက်ယူပြီး ရပ်ကွက်၊ ကျေးရွာများအထိ မြေပြင်ကွင်းဆင်းဆောင်ရွက်မှုအား ပန်းခင်း (၂)စီမံချက်ဖြင့် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဟိုပုံးမြို့နယ်တွင် ပန်းခင်း(၂)စီမံချက်ဖြင့် ဆောင်ရွက်ပေးရန်လျာထားဦးရေ (၇၇၂၂)ဦး ရှိပြီး ဆောင်ရွက်ပြီး သူဦးရေ(၄၁၇၉)ဦးရှိသဖြင့် ဆောင်ရွက်ပေးရန်ကျန်ရှိသူ(၃၅၄၇)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၅၄.၁၂)ရာခိုင်နှုန်းအထိဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ ကိုင်ဆောင် လက်မှတ်ကျန်ရှိသူမရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။ ထို့နောက်  လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ဒေသဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်က စံဖူးကျေးရွာအုပ်စု၊ လိုက်ကန်ကျေးရွာ လီရှောတိုင်းရင်းသား/သူများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက စငေါကျေးရွာအုပ်စု၊ ထီဗွာကျေးရွာမှ လီရှောတိုင်းရင်းသား၊ တိုင်းရင်းသူများကိုလည်း ကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများအား အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ ဒေသဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ လီရှောစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး များတက်ရောက်ခဲ့ ကြောင်းသိရသည်။ 
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး