ဟိုပုံး ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာခန်းမတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်း နည်းသင်တန်း၊ အခြေခံလျှပ်စစ်သွယ်တန်းနည်းသင်တန်းနှင့် ယခုဖွင့်လှစ်သည့် လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာ စေရန်၊ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားစေရန်၊ အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့် ပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန်၊ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုနည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက် လာစေရန်၊ ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုး တက်လာစေရန်စသည့် ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ စအွန်ကျေးရွာမှာရှိတဲ့ ဒေသခံ ပြည်သူများ တစ်ပိုင်တစ်နိုင် အသေးစားစက်မှုလုပ်ငန်းများပေါ်ထွက်လာစေရန် လူသုံးကုန်လုပ်ငန်းသုံး ဓါတုဗေဒပစ္စည်းများအကြောင်း၊ ဆပ်ပြာအမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ Body Scrub နှင့် ထုပ်ပိုးမှုပုံစံအမျိုးမျိုးတို့ကို စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းဖွင့် လှစ်ပြီးနောက် သင်တန်းဆင်းများထဲက လုပ်ငန်းထူထောင်လုပ်ကိုင်လိုသူ(၅)ဦးကို စိစစ်ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ရန်အတွက် ကျပ်(၁၀)သိန်းနဲ့ညီမျှတဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို ဒေသဖွံ့ဖြိုး စေရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီးနောက် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို ဩဂုတ်လ(၃၁)ရက်နေ့မှ စက်တင်ဘာ လ(၆)ရက်နေ့အထိစာတွေ့/လက်တွေ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး