ဟိုပုံး သြဂုတ် – ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ တပ်မတော်ကွန်ပျူ တာနှင့်နည်းပညာသိပ္ပံကျောင်းရှိ ရွှေဘုန်းပွင့်ကပ်သိမ်းစေတီတော်တွင် တည်ထားကိုးကွယ်မည့် ရွှေဘုန်းပွင့်ကပ်သိမ်းကပ်ကျော်ရုပ်ပွားတော်မြတ်အား ဘုရားအနေကဇာတင်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်တွင် ရွှေဘုန်းပွင့်ကပ်သိမ်းစေတီတော် ဘုရားရင်ပြင်နှင့် (၂၁)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ဘုရင့်‌ နောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ် ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မ‌တော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် ဇနီး ဒေါ်မေရီရွှေ၊ အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုဝင်များနှင့် သင်တန်းသားများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့် ကန်တော့၍ ဆရာတော်၊ သံဃာတော်များထံမှ မေတ္တာသုတ်နှင့် ပရိတ်တရားတော်များကို ခံယူဆောက်တည်ကြသည်။ ယင်းနောက် အခမ်းအနားကိုဆက် လက်ကျင်း ပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ တပ်မ‌တော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် ဇနီး ဒေါ်မေရီရွှေတို့က ဆရာတော်၊သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်ပြီးနောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ တပ်မ‌တော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် ဇနီး ဒေါ်မေရီ၊ အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုဝင်များနှင့် သင်တန်းသားများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များဩကာသကန်တော့ကျိုးဖြင့်ကန်တော့၍ ဆရာတော်၊ သံဃာတော်များထံမှ မေတ္တာသုတ်နှင့်ပရိတ်တရားတော်များကို ခံယူဆောက်တည်ကြသည်။ ထို့နောက် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် ဇနီး ဒေါ်မေရီနှင့် တာဝန်ရှိ သူများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတိုအတွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး