ဟိုပုံး ဇူလိုင် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေရေးတို့အတွက် ဌာနဆိုင်ရာများက မြို့အဝင်ဆိုင်းဘုတ်မှ နေမင်းရောင်တိုးဂိတ်အထိ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြ သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးတပ်နယ်ကွက်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မြို့နယ်စည်ပင်သာယာ ရေးဌာန၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများက မြို့အဝင်ဆိုင်းဘုတ်မှ နေမင်းရောင်တိုးဂိတ်အထိ ဟိုပုံး-လွိုင်လင် ပြည်ထောင် စုလမ်းမကြီး လမ်းဘေးဝဲ၊ ယာရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်း လင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းရှိ အမှိုက်များရှင်းလင်းခြင်းစုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။
ယင်းကဲ့သို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းကို အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့