ဟိုပုံး ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းစံပြ ကျေးရွာရှိ ချယ်ရီပန်းပင်များ၌ သဘာဝမြေဩဇာ၊ သဘာဝမြေဆွေးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် သစ်တော်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ၊ ကျောင်းတန်းစံပြကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအား ချယ်ရီပန်းပင်များကို အပင်ရှင်သန်ကြီးထွား အောင်မြင်ပြီး အပွင့်ပွင့်နိုင်စေရန် ချယ်ရီပန်းများကို စနစ်တကျထိန်းသိမ်းနည်း၊ သဘာဝမြေဩဇာ၊ သဘာဝမြေဆွေးများ စိုက်ထည့်နည်းများကိုသရုပ်ပြသခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သစ်တော်ဦးစီးဌာနနှင့် တာဝန်ရှိသူများ၊ ကျောင်းတန်း စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက ချယ်ရီပန်းပင် စုစုပေါင်းအပင်(၃၂၀)ပင်တို့တွင် ခြုံနွယ်၊ ပေါင်းမြက်များရှင်းလင်းခြင်း၊ မြေဆွခြင်း၊ သဘာဝမြေဩဇာ၊ သဘာဝမြေဆွေးများစိုက်ထည့်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ ဆောင်ရွက်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃၅၄၁ ပေတွင် တည်ရှိပြီး ဆောင်းတွင်း ကာလများတွင် ရာသီဥတုသည် သိသိသာသာအေးချမ်းသည့် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည်။ တောင်ပေါ်မြို့ဖြစ်သည်နှင့် အညီ ချယ်ရီပန်းများသည်လည်းဖူးပွင့်ဝေဆာလျက်ရှိကြသည်။ ချယ်ရီပန်း များပွင့်သည့် ရာသီတွင်သာ စိတ်နှလုံးကြည်နူးဖွယ်ခံစားရရှိနိုင်သည့် သဘာဝအလှအပများနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသထွက်ကုန်များနှင့် အစားအစာများကို အခြေခံကာ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်မှုများဖြင့် ကျောင်းတန်းစံပြကျေးရွာချယ်ရီ မြေအဖြစ် ထင်ရှားကျော်ကြားလာမည်ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ဒေသ၏ အထိမ်းအမှတ်ချယ်ရီပင်များကို ထိန်းသိမ်းပြုစုခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်း၊ မြို့ရွာဒေသ များသန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ် ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့