ဟိုပုံး ဇွန်   –    ၂၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး)ကျောင်းအုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန် ၂၁ ရက် နံနက် ၉ နာရီက ဟိုပုံးမြို့၊ ဆွမ်ဆီကျောင်းလမ်း၊ အနောက်ရပ်ကွက်ရှိ  ဟိုပုံးမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြောင်း သိရှိရသည်။
ဆက်လက်၍ ဟိုပုံးမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး ဖွင့်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရုံးဖွင့်ပွဲအထိမ်းအမှတ်အလံကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်မှ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး အားပေးအပ်၍ လည်းကောင်း၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးမှ ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌသို့ အထိမ်းအမှတ် အလံများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ လုပ်ငန်းဆောင်ရွက်မှု နံရံကပ်ပိုစတာပြခန်းနှင့် ရုံးခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့