ပင်းတယ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး အသိပေးဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသူရေးနှင့်ပြည်သူ့ကျန်းမာရေ းဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထို့နှံရသည့် အကြောင်းနှင့် ဆေးထိုးမည့်အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေး နွေးပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး