ပင်းတယ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက်လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့် တိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(ရေချမ်းစင်)၌ နိုဝင်ဘာလ(၂၃)ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြူကြူလှိုင်က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေဖြိုးအောင်က ပလပ်စတစ်အန္တရာယ်ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများက ပလပ်စတစ်အန္တရာယ်ထိန်းသိမ်းကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား သုတ၊ ရသစာအုပ်များ လေ့လာဖတ်ရှုစေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား/ကျောင်း သူများက စိတ်ဝင်တစားဖြင့်လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး