ပင်းတယ စက်တင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သစ်အယ်ပင်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(သစ်အယ်ပင်)၌ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့လူငယ်များသည် နိုင်ငံ၏အင်အား၊ နိုင်ငံ၏စွမ်းအား၊ နိုင်ငံအရင်းအမြစ်များ ဖြစ်ကြသောကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက် (၃)ရပ်ထဲမှ ဦးတည်ချက်တစ်ရပ်ဖြစ်တဲ့ “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုတဲ့အချက်အတိုင်း ယနေ့လူငယ်များသည် ဗလငါးတန်ဖြစ်သော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တွေနဲ့ပြည်စုံနေဖိုလိုအပ်ပါကြောင်း၊ ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် လူငယ်များအသိပညာဗဟုသုတများစွာရရှိ လာမည်ဖြစ်သလို ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း အစဉ်လေ့လာသင်ယူပြီး အများအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးထမ်းရွက်နိုင်သည့် လူငယ်လူရွယ်များ ဖြစ်လာသည်အထိ ကြိုးစားအားထုတ်ကြပါရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူး ဦးခင်းဇော်ထွန်းက ဝမ်းမြှောက်စကားပြန် လည်ပြောပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြူကြူလှိုင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအား ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါမိုးမိုးထွေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး သစ်အယ်ပင်ကျေးရွာအခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေး အစရှိသည့်ခေါင်းစဉ်များဖြင့် ပါဝင် ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြား‌ပေးခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းဖြစ်မြောက်ရေးအတွက် အလှူငွေများပေးအပ်လှူဒါန်းပေးခဲ့သည့် Forever Group Co.,Ltdအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ် ရေး အဖွဲ့ဥက္ကဌဦးအာကာလင်းက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် ဂျာနယ်၊မဂ္ဂဇင်းများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးအာကာလင်းနှင့် အဖွဲ့သည်သစ်အယ်ပင်ကျေးရွာရှိ Forever Group Co.,Ltd မှရုပ်သံဇာတ်လမ်းများရိုက်ကူးရန် စတူဒီယိုခန်းများ၊ အဆောက်အဦများ၊ ရိုက်ကူးရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ အဆောက်အဦ ဆောက်လုပ်နေမှုများကို လိုက်လံကြည့်ရှုခဲ့ရာ Forever Group Co.,Ltdမှ တာဝန်ရှိသူများက ရှင်းလင်းပြသပေးခဲ့ပြီး Forever Group Co.,Ltdမှ MRTV-4 ရုပ်သံလိုင်းနှင့် ဆက်စပ်ရုပ်သံလိုင်းများ ထုတ်လွှင့်ခြင်း၊ ရေဒီယိုလိုင်းများထုတ်လွှင့်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များနှင့် ပင်းတယမြို့နယ်တွင် ရုပ်သံဇာတ်လမ်းများရိုက်ကူးထုတ်လွှင့်နိုင်ရေးအတွက် Forever Group Co.,Ltdမှ စီစဉ်ဆောင်ရွက်နေမှုများအား Forever Group Co.,Ltdမှဦးသိန်းထွန်းအောင်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး