ပင်လောင်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို စက်တင်ဘာ(၁၈)ရက် နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြော ကြားခဲ့ကြောင်း၊ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်မှ အသက် ၁၂ ထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံပေးခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားနှင့် ကာကွယ်ဆေး HPV ထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့မှ အဖွဲ့ဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ တက်ရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး