ပင်လောင်း ဇွန် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်တော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့”ဆောင်ပုဒ်နှင့်အညီ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဇွန်လ(၁၉)ရက် နံနက် ၁၀ နာရီက မြို့မဈေးရှေ့ မင်းလမ်းပေါ်နှင့် ဈေးအတွင်းသို့ ဈေးရောင်းဈေးဝယ်သူများအား ဖြန့်ဝေပေးသည်။
သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်များ၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည့်သူများ/ထည့်မကောက်ရမည့်သူများ၊ ၂၀၂၃ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ၊ စာရင်းကောက်ယူမည့်မေးခွန်းများ၊ စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ ကောက်ယူခြင်းနှင့် သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့ထိ ကောက်ယူမည့်အစီအစဉ် စသည်များ ရေးသားဖော်ပြထားကြောင်း၊ အဆိုပါ လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဖြန့်ဝေပေးခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ပြဘုတ်တွင်လည်း အများပြည်သူ့ ဖတ်ရှုသိရှိနိုင်ရန် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ နှင့်ပတ်သက်သည့် ကြော်ငြာပိုစတာများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့