ပင်လောင်း ဇူလိုင် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်သွားလျက်ရှိရာ ယနေ့နံနက်ပိုင်းက အရှေ့ရပ်ကွက် နမ့်ဟူးသီလရှင်စာသင်တိုက်အတွင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာဝန်ထမ်းများက နမ့်ဟူးသီလရှင်စာသင်တိုက်ဝန်းအတွင်းရှိ ချုံနွယ်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ပင်များ၊အမှိုက်သရိုက်များ နုတ်ယူစွန့်ပစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့