ပင်လောင်း ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပအိုဝ်းငြိမ်းချမ်းရေး အသွင်ပြောင်းပြည်သူ့စစ်အား စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်ပွဲကို ဇွန်လ(၂၅)ရက် နံနက် ၉ နာရီအချိန်က ဘက်စုံသုံးခန်းမတွင် ပြုလုပ်သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်က အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော စားနပ်ရိက္ခာဆန်၊ဆီများ၊‌ ထောက်ပံ့ငွေကို ဝန်ကြီးနှင့် အမှတ်(၄)စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းမှ ခေတ္တတပ်မှူး ဒုတိယဗိုလ်မှူးကြီး စံအောင်ကျော်တို့က ပေးအပ်ရာ ပင်လောင်းစစ်ဒေသမှူး ဦးခွန်လှဆန်း၊ဆက်ဆံ‌ရေးရုံးမှ တာဝန်ခံ ဗိုလ်ကြီးခွန်‌ကျာ်ဝင်းအောင်တို့က လည်းကောင်း၊ အားကစားပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးတင့်ဇော်ထက်နှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတို့က ပေးအပ်ရာ ပအိုဝ်းငြိမ်းချမ်းရေး အသွင်ပြောင်းပြည်သူ့စစ်မှ စစ်သည်များက လက်ခံပေးခဲ့ကြသည်။
ထို့နောက် ဝန်ကြီးက ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်လာကြသည့် ပအိုဝ်းငြိမ်းချမ်းရေး အသွင်ပြောင်းပြည်သူ့စစ်များအား အားပေးစကားနှင့် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့