နောင်တရား ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့ယားကျေးရွာအုပ်စု၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ပေါ့ယား၊ ကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းသစ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေမျိုးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေး တို့က ဖေဖော်ဝါရီလ(၁၀)ရက် နံနက် ၁၂ နာရီတွင် ဖဲကြိုးဖြက်ဖွင့်လှစ်သည်။
ပေါ့ယားကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို အထူးဦးစားပေး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာများအတွက် အမှန်တကယ် လိုအပ်လျက်ရှိသည့် ကုန်ထုတ်လမ်း(၁၁၁)မိုင်(၂)ဖာလုံ၊ ကုန်ထုတ်တံတား(၂၀၆)စင်းနှင့် ကျေးရွာသောက်သုံးရေလုံလောက်စွာရရှိရေးအတွက် ကျေးရွာ(၁၅၁)ရွာဆောင်ရွက်ပေးနိုင်သည့် အပြင် ဆိုလာအမြှင့်တင်စနစ်ဖြင့် ရှမ်းပြည်နယ်အတွင်း ကျေးရွာ(၂၉)ရွာကို စိုက်ပျိုးရေရရှိရေး အတွက် ဆောင်ရွက်နိုင်သည့်အတွက် နိုင်ငံတော်၏ အဓိက မဏ္ဍိုင်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ ကိုပါ အထောက်အပံ့ဖြစ်လာခဲ့ကြောင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျေးရွာကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးထားပြီးဖြစ်သည့်အတွက် ကြာရှည်အသုံးပြုနိုင် ရေးမှာ ပြည်သူများအနေဖြစ် ဝိုင်းဝန်းထိမ်းသိန်းဆောင့်ရှောက် ကြရန်မှာကြားသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပေါ့ယားကျောက်ဆင့် ကုန်ထုတ်လမ်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံကျေးရွာကိုယ်စား လှယ်တစ်ဦးက ကုန်ထုတ်လမ်းရရှိလာခြင်းကြောင့် စိုက်ပျိုးရေးထွက်ကုန်များ ရာသီမရွေး စိုက် ပျိုးနိုင်လာခြင်း၊ ကုန်စိမ်းစိုက်ပျိုးရန်ခက်ခဲသောနေရာများ စိုက်ပျိုးနိုင်လာခြင်းကြောင့် ကျွန်တော်တို့ ရွာသူရွာသားများ၏ စီးပွားရေးကို အထောက်အကူဖြစ်စေပြီး ဝင်ငွေတိုးပွားစေနိုင် သည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကုန်ထုတ်လမ်းအတွက် မြေအလှူရှင်များ ကို ကျေးရွာသားများကိုယ်စား ကျေးဇူးတင်ပါကြောင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပေါ့ယားကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းကို လှည့်ပတ်ကြည့်ရှုခဲ့သည်။
ပေါ့ယားကျောက်ဆင့်ကျေးရွာ ကုန်ထုတ်လမ်းကို အရှည် ၁ မိုင် ၄ ဖာလုံနှင့် တံတား(၄)စင်း အတွက် ကုန်ကျငွေ ကျပ်သန်း (၁၀၃.၃၉၉၀) ဖြင့် ၂၀၂၄ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဆောင်ရွက်ပြီးစီး ခဲ့သည်။
ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ထီရယ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဆောင်ရွက်ထားသည့် သောက်သုံးရေပေးဝေရေးစနစ်နှင့် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းကျင်းထားမှုအခြေအနေများကို ကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး