ပင်လောင်း ဩဂုတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျရေများတိုက်စားမှုကြောင့် ကားလမ်းများ မြေသား ပြတ်ကျခြင်း နှင့် ကားလမ်းပေါ် မြေသားများပြိုကျခြင်းများ ဖြစ်ပွားခဲ့ရာ အဆိုပါနေရာများအား ပြုပြင်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ကျရေ တိုက်စားမှုကြောင့် ဩဂုတ်လ (၃)ရက်နေ့တွင် အောင်ပန်း -ပင်လောင်း -မိုးဗြဲ – လွိုင်ကော် လမ်း ( ၈၀.၅ )ကီလိုမီတာ နှင့် ( ၈၁ ) ကီလိုမီတာ အတွင်း အရှည် (၄၀)ပေ၊ အကျယ်ပေ (၃၅)ပေ၊ အမြင့် (၁၈)ပေခန့် လမ်းသားပြတ်ကျမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
အဆိုပါ လမ်းသားပြတ်ကျမှုဖြစ်သည့် နေရာအား ရှမ်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှု ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ နေမြေခံတပ်ရင်းတပ်ဖွဲ့တို့၏ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးမှု တို့ဖြင့် လမ်းအထူးအဖွဲ့(၁၃)မှ စက်၊ ယာဉ်၊ စက်ယန္တရားများဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ကားငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး