ပင်လောင်း ဇွန် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့်စာစစ်ဌာန(၇)ခုတို့တွင်ယနေ့နံနက်(၆း၀၀)နာရီအချိန်ကထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၅၂၅)ဦးအောင်မြင်ခဲ့ကြောင်းသိရသည်။
ပင်လောင်းမြို့နယ်တွင် အထက(၁)၊အထက(၂)၊အထက(နောင်တရား)၊အထက(တီကျစ်)၊အထက(ပင်ခွန်)၊အထက(တင်းထက်)၊အထက(တလိုင်းမရွာသစ်)စာစစ်ဌာန(၇)ခု၌ကျောင်းတွင်းနှင့်ပြင်ပဖြေဆိုသူစာရင်းရှိကျောင်းသား၊ကျောင်းသူ(၁၀၁၇)ဦးရှိပြီးဝင်ရောက်ဖြေဆိုသူ(၉၉၆)ဦးအနက် အောင်မြင်သူ(၅၂၅)ဦးဖြစ်သဖြင့် အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၂.၇၃ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
အောင်မြင်သည့်ကျောင်းသူကျောင်းသားများ၏ဂုဏ်ထူးရရှိမှုအခြေအနေမှာ(၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊(၄)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊(၃)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊(၂)ဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊(၁)ဘာသာဂုဏ်ထူးရှင်(၃၉)ဦး ၊စုစုပေါင်း(၆၁)ဖြစ်ပြီး ရိုးရိုးအောင်မြင်သူ(၄၆၄)ဦးရှိကြောင်းနှင့်ဂုဏ်ထူးထွက်ရှိသည့်ဘာသာရပ်များမှာ မြန်မာ၊အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ၊ဇီဝ၊ပထဝီ၊သမိုင်း၊ဘောဂဗေဒ ဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့