ပင်လောင်း ဇွန် ၁၀
မြို့နယ်ပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းမှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
အသိပေးရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်ဇော်ထက် က ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်များမှ စစ်မှုထမ်းရမည့် အသက်အရွယ်များ၊ ပြည်သူ့စစ်မှုထမ်းရမည့် ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များအကြောင်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းနေမှု အခြေအနေများနှင့် ပြည်သူ့စစ်မှုထမ်းနိုင်ရေးအတွက် ကျေးရွာများမှ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေများပြဋ္ဌာန်းထားသည့်အတိုင်း မိမိတို့၏ကျေးရွာများရှိ ပြည်သူများသိရှိနားလည်သဘောပေါက်စေရန်နှင့် သတ်မှတ်ထားသည့် သတ်မှတ်ထားသည့် အသက်အရွယ်ရှိသူများကို ထပ်ဆင့်ရှင်းလင်းပြောကြားပေးဖို့လိုအပ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်၀င်းနိုင်နှင့်ဦးခွန်ကျော်မင်ထွန်းတို့က နယ်မြေလုံခြုံရေးဆိုင်ရာအကြောင်းများကို ရှင်းလင်းပြောကြားကြသည်။
အဆိုပါ ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းပွဲသို့ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၅)အုပ်စုမှ ကျေးရွာတာဝန်ရှိသူ စုစုပေါင်း (၃၅၀) ဦး တက်ရောက်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့