ပင်လောင်း ဒီဇင်ဘာ ၈
ရှမ်ပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့်အတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ဒီဇင်ဘာလ(၈)ရက် နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားကွင်းနှင့် အားကစားရုံတွင် ဆက်လက်ပြုလုပ်ခဲ့သည်။
လူရည်ချွန်ရွေးချယ်ခွင့်ဖြေဆိုရာတွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ Grade-9 (၁၃) ဦး၊ Grade-10 (၁၇) ဦး၊ Grade-11 (၁၉) ဦး၊ Grade-12 (၁၀) ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်နှင့် အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေများ ဖြေဆိုခဲ့ကြပြီး၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများဖြစ်သည့် ကျား/မ မီတာ(၁၀၀)၊ မ မီတာ(၄၀၀)၊ ကျား မီတာ(၈၀၀)အပြေးနှင့် လက်ထောက်မှောက်တင်၊ အိပ်ထမတင်၊ ရပ်လျှက်အလျားခုံစသည်များ ဆက်လက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ လူရည်ချွန်ရွေးချယ်ခွင့် မြို့နယ်အဆင့် ထူးချွန်ဖြေဆိုအောင်မြင်သူများကို ခရိုင်အဆင့်သို့ သွားရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး