နောင်တရား ဩဂုတ် ၃
အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများ သန့်ရှင်းသာယာလှပရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်၊ ရွှေဘုန်းပွင့်စေတီတော်၌ နောင်တရားမြို့ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၇ နာရီတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။
ရွှေဘုန်းပွင်းစေတီတော်ရင်ပြင်၌ သန့်ရှင်းသာယာလှပရေးအတွက် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင် ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရဲတပ်ဖွဲဝင်းများ စုစုပေါင်းအင်အား(၄၅)ဦးဖြစ် ရင်ပြင်တောင်၌ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စေတီတော်အတက်လမ်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးကို စုပေါင်းဆောင်ရွက်ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး