နောင်တရား ဇူလိုင် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအလ်ယ်အောင်ဒင်မိုင် ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဇူလိုင်လ(၁၃)ရက် နံနက် ၈ နာရီတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။
ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် နောင်တရားမြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၆၀)ဦးဖြစ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဆေးရုံသုံးအမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ရေမြောင်းများဖော်ခြင်း၊ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့