နောင်တရား နိုဝင်ဘာလ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွ့င်ရဒေသ၊ နောင်တရားမြို့၌ သံဃာတော်အရှင်သူမြက်များကို ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းနို်င်ရန်အတွက် (၅၅)မြောက် စုပေါင်းမဟာဘုံကထိန်ကိုပွဲကို ယနေ့ မွန်းလွဲပိုင်းတွင်ကျင်းပသည်။
စုပေါင်းမဟာဘုံကထိန်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုအခါ (၅၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကို ဆက်လျက်ကျင်းပသည်။ နံနက်ပိုင်းတွင်တွင် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကထိန်ပွဲသို့ ကြွရောက် လာကြသည့် ဧည့်သည်တော်များကို ဧည့်ခံကြွေးမွေးလှူဒါန်းခဲ့သည်။ မွန်းလွဲပိုင်းတွင် သံဃာတော်များထံမှ ငါးပါးသီလခံယူပြီး ကထိန်သင်္ကန်းဆက်ကပ်လှူခဲ့သည့် ကောင်းမူကုသိုလ်အစုစု အတွက် အမျှတမ်းပေးဝေသည်။ စုပေါင်းမဟာဘုံကထိန်ပွဲတွင် ကထိန်သင်္ကန်း (၈၃၀)စုံနှင့် ပဒေသာပင် (၂၀)ကျော်ဖြစ် စုပေါင်းလှူဒါန်းကြသည်။ ညပိုင်းတွင် နောင်တရားကျောင်းဒါယကာ၊ဒါယိကာမများက မီးပဒေသာများလှည့်လည်ပူဇော်ခြင်းနှင့် စိန်နပန်မီးပုံပျံနှင့် ညမီးကျည်မီးပုံပျံများ လွတ်တင် ပူဇော်သွားမည်ဟုသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့