နောင်တရား မတ်လ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသားကျောင်းသူများက ၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာ အဆင့် နှစ်ဆုံးတက်မြောက်မှု အစိုးရစစ်စာမေးပွဲကို မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် စတင်ဖြေဆို သည်။
အစိုးရစစ် နှစ်ဝက်ဆုံးစာမေးပွဲကို Grade-5မှ ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၃၀)ဦး၊ Grade-9မှ ကျောင်းသူကျောင်းသား စုစုပေါင်း(၃၈၄)ဦး တို့က ပထမရက်တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုသည်။ အ.ထ.ကကျောင်းစာစစ်ဌာန၌ အ.ထ.က လွယ်ဘောင်းကျောင်း၊ အ.လ.ကထီရီးကျောင်း၊ အ.လ.က ငိုလှကျောင်းနှင့် အ.လ.က နန်းပုလင်းကျောင်းများမှ ကျောင်းသားကျောင်းသူ များက လာရောက်ဖြေဆိုကြ ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး