နောင်တရား အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အဝင်၌ လမ်းဦးစီးဌာနမှ စက်တပ်မော်တော်ယာဉ်မောင်းများအတွက် လမ်းစည်းကမ်းသိရှိလိုက်နာဆောင်ရွက် နိုင်ရေး လမ်းစည်းကမ်းအသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို အောက်တိုဘာလ(၂၀)ရက် နံနက်ပိုင်းတွင် နောင်တရားမြို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်သည်။
လက်ကမ်းစာစောင်တွင် လမ်းမကြီးတွင်လိုက်နာရမည့်စည်းကမ်းချက်များ၊ ယာဉ်မောင်း စဉ်လိုက်နာရမည့်အချက်များ၊ အရှိန်နှုန်းသတ်မှတ်ချက်များ၊ လမ်းစည်းကမ်းများ ပါဝင်သည်။ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင်နှင့် ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များ၊ လမ်းဦးစီးဌာနမှ မြို့အင်ဂျင်နီယာ ဦးစိုင်းနော်အေးနှင့် ဝန်ထမ်းများက စက်တပ် မော်တော်ယာဉ်မောင်းများ လမ်းစည်းကမ်းကို သိရှိလိုက်နာဆောင်ရွက်ပြီး အန္တာရာယ်ကင်းစွာမောင်းနှင်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင် (၁၀၀)စောင် ကို ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး