နောင်တရား ဇူလိုင် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသထွက် ရာသီစာ သစ်တော်သီးများ လျော့နည်းပြီး ဈေးနှုန်းကောင်းမွန် လျက်ရှိကြောင်း သစ်တော်သီးဥယျာဉ်ခြံစိုက် တောင်သူတစ်ဦးကပြောသည်။
“ယခုလမှာ သစ်တော်သီး စခူးနေပါပြီ စားလို့အရမ်းကောင်းတဲ့ အချိန်ပေါ့ သစ်တော်သီး ကို စိတ်ချစွာစားသုံးနိုင်ပါတယ် ဆေးဖြန်းတာ တွေမရှိဘူး အော်ဂဲနှစ် အသီးလို့တောင် ပြောလို့ ရပါတယ်၊ သစ်တော်သီးကို မိုးဝင်စမှာ ရင့်မှည့်တာလဲရှိပါတယ် ဒါပေမဲ့ မိုးဝင်စအချိန်မှာ အသီး ထဲမှာ ပိုးတွေရှိတက်ပါတယ် ပြီးတော့ ရင့်မှည့်မှု မရှိရင် ဝမ်းမကောင်းတာတွေ ဖြစ်တက်ပါတယ် ယခုအချိန်မှာတော့ သစ်တော်သီးတွေ များသောအားဖြစ် ရင့်မှည့် ကုန်ပါပြီ ရာသီစာ သီးနှံလို့ပြောလို့ရပါတယ် ဒီအချိန်မှာ ထွက်တဲ့သစ်တော်သီးက အတော်ချိုပါတယ်” ဟု ကျောင်းနားကျေးရွာမှ သစ်တော်သီးစိုက်တောင်သူ တစ်ဦးကပြောသည်။
နောင်တရားဒေသထွက်သစ်တော်သီးများကို အောင်ပန်းကုန်စည်ဒိုင်နှင့် ရန်ကုန် သီရီမင်္ဂလာဈေးသို့ တင်ပို့ရောင်းချပြီး ဈေးနှုန်းအားဖြစ် သစ်တော်သီး အရွယ်အစားပေါ်မူတည် ၍ တစ်ပိဿာလျှင် ကျပ် ၁၃၀၀မှ ကျပ် ၂၅၀၀ အထိအရောင်းအဝယ်ပြုလုပ်ကြသည်။ သစ်တော်သီးကို ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူးရှယ် ဟု အမျိုး အစားအမျိုးမျိုးခွဲခြားထားကာ စားသုံးသူအကြိုက်ကိုလိုက်၍ ရောင်းချလျက်ရှိပြီး အအေးဓါတ်လျော့နည်း လာခြင်းကြောင့် သစ်တော်သီးအထွက်နှုန်းမှာ ၂၀၂၃ခုနှစ်ထက် သစ်တော်သီး အထွက်နှုန်း လျော့ကျခဲ့ကြောင်း အဆိုပါ ဥယျာဉ်ခြံစိုက် တောင်သူက ပြောသည်။နောင်တရားဒေသတွင် ဥယျာဉ်ခြံသီးနှံအဖြစ် သစ်တော်သီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ စမ်းကစ်သီးများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့