နောင်တရား ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ ထီရွှေကျေးရွာ၌ ဆောင်းရာသီတွင် စိုက်ပျိုးသည့် ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
နောင်တရားဒေသ၌ ဆောင်းရာသီတွင် ကြက်သွန်ဖြူ၊ ဆီမုန်ညှင်း၊ ဆီနေကြာ စသည့် ဆောင်းသီးနှံများကို စိုက်ပျိုးကြသည်။ “ဒီနှစ်ဆောင်းအအေးဓါတ်ဝင်တာ စောတော့ ကြက်သွန်ဖြူတွေ အရမ်းကောင်းတယ် စိုက်ပျိုးရေး နည်းပညာတွေ ပြောင်းလဲပြီး နည်းစနစ်မှန်မှန်နဲ့ စိုက်ပျိုးတက်ကြပါပြီး ကြက်သွန်ဖြူ မျိုးအရွယ်အစား၊ သဘာဝမြေဆွေး၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး စတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကို နည်းစနစ်မှန်မှန်နဲ့ စိုက်ပျိုးကြတော့ ကြက်သွန်ဖြူပင်တွေ အတော်ကောင်းတယ် ” ဟု ထီရယ်ကျေးရွာမှ စိုက်ပျိုးရေး တောင်သူတစ်ဦးက ပြောသည်။
“ကြက်သွန်ဖြူတော့ မပေါ်သေးဘူး ယခု ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ကြက်သွန်ဖြူ အရွယ်အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိပါတယ်၊ ဒီနှစ်မှ ကြက်သွန်ဖြူ စိုက်ပျိုးဧကတိုးလာပါတယ် ကြက်သွန်ဖြူက ဈေးမကြိုက်ရင် မရောင်းလည်းရတဲ့အတွက် စိုက်ပျိုးရေးတောင်သူတွေက ကြက်သွန်ဖြူကို ပိုပြီးစိတ်ဝင်စားကြက်ပါတယ်” ဟု နောင်တရားမြို့မှ ကြက်သွန်ဖြူ အဝယ်တော်တစ်ဦးက ပြောသည်။
နောင်တရားဒေသတွင် ဆောင်းကြက်သွန်ဖြူကို ဘီလူးချောင်း၊ နောင်တရားချောင်း ပတ်ဝန်းကျင်နှင့် မြေအောက်ရေတို့ကို အသုံးပြု၍ စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူကို အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ရာသီဥတုအခြေအနေပေါ်မူတည်၍လည်း စိုက်ပျိုးချိန်ကို ရှေ့တိုး နောက်ဆုတ် စိုက်ပျိုးကြကြောင်း အဆိုပါတောင်သူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး