မန်တုံ စက်တင်ဘာ-၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာ(၁၆)ရက် နံနက်(၁၀)နာရီက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ ၊ တိမ်ကြား မင်းခေါင်ခန်းမ၌ မန်တုံမြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နိုင်ငံဖွံ့ဖြိုး တိုးတက်ရန် အတွက် ပညာတတ်ရှိရန် လိုအပ်ပါကြောင်း၊ ကလေးလူငယ်များ လမ်းမှားမရောက်အောင် အားလုံးက ဝိုင်းဝန်းတည့်မတ်ပေးကြရန်၊ လူ့စွမ်းအားအရင်းအမြစ်သည် လူငယ်များ ပညာတတ်ရန်နှင့် ကျောင်းနေ အရွယ် ကလေးများ ကျောင်းတက်ရန်လိုအပ်ပါကြောင်း၊ ကျေးလက်ဒေသတွင် ပညာတတ်နှုန်း နည်းပါး နေပါကြောင်း၊ လူငယ်များ ပညာတတ်ရန် လိုအပ်ပါကြောင်း၊ လူငယ်များကို ဗလငါးတန်ဖြင့် ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသရှိ ပြည်သူများမှ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ပြည်သူများ အခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးနေ ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရန်နှင့် ဆင်းရဲမှုနည်းပါးအောင် ဆောင်ရွက်လျက် ရှိပါကြောင်းပြောကြားသည်။
ထို့နောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းသိန်းမှ မန်တုံမြို့ ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ တားသိန်းဇော်က မန်တုံမြို့နယ်တွင် လိုအပ်ချက်များ တင်ပြရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှ လုပ်ငန်းအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေး ကြသည်။ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသလိုအပ်ချက် များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်တိုင်းရင်းရေးရာ ဝန်ကြီးတို့က စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်ရာ မန်တုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တပ်ရင်းတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များမှ အသီးသီးလက်ခံရယူကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နိဂုံးချုပ် စကား ပြောကြားပြီး တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့(၅)ဖွဲ့နှင့် ပညာရေး၊ကျန်းမာရေးဌာနတို့ကို ဂုဏ်ပြုချီးမြှင့်ငွေများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း ၊ ဦးရန်ကျော် ၊ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မန်တုံမြို့နယ် နမ့်ကုမ်ချောင်းတစ်လျှောက် ချောင်းအကျယ် ချဲ့ခြင်းနှင့် နှုံးမြေဆည်ယူဖယ်ရှားခြင်း လုပ်ငန်းနှင့်မြေထိန်းနံရံတည်ဆောက်မည့်နေရာအား ကြည့်ရှုပြီး မန်တုံမြို့၊ အောင်ချမ်းသာမာန်တောက်ကျောင်း ဆရာတော် ဦးသုနန္ဒအား သွားရောက် ဖူးမျှော် ကြည်ညို ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး