မက်မန်း စက်တင်ဘာ-၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာ(၁၇)ရက် နံနက်(၁၁)နာရီခွဲက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် ၊မက်မန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် မက်မန်းခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိအောင် ဟန်ချက်ညီညီ ဆောင်ရွက်နေပါကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေးအတွက် ဒေသရှိ ပြည်သူများမှ ဝိုင်းဝန်း ဆောင်ရွက်ပေး ကြရန် လိုပါကြောင်း၊ စီးပွားရေးကဏ္ဍတွင်လည်း စိုက်ပျိုးရေးကို အခြေခံသောကြောင့် လိုအပ်သော ဓါတ်မြေသြဇာများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက် ရန်နှင့် ပညာရေးကဏ္ဍတွင် လည်း နိုင်ငံတော်အတွက် အရေးပါသောကြောင့် နိုင်ငံတော်မှ ပညာရေးစနစ်ကို အခမဲ့ ဆောင်ရွက် နေသည့်အချိန်တွင် ကလေးများ ကျောင်းနေ နိုင်ရေးအတွက် ဝိုင်းဝန်း ကြိုးစားပေးကြရန် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နှုတ်ခွန်းဆက်စကား ပြောကြားရာ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းရင်းသားများဖြင့် ဆောင်ရွက်နေပါကြောင်း ၊ ပညာရေးကဏ္ဍသည် အရေးကြီးပြီး လူငယ်လူရွယ်များကို ဗလငါးတန်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် နည်းဥပဒေတွင် ပါရှိသည့်စည်းမျဉ်းစည်းကမ်းများကို သိရှိပြီးဖြစ်၍ မိမိတို့ ကိုယ်တိုင် စည်းကမ်းရှိရန်နိုင်ငံနှင့် ဌာနအပေါ် စည်းကမ်းရှိရန်လိုအပ်ပါကြောင်း ၊ဒေသတွင် လိုအပ်ချက်များ ရှိပါက တင်ပြဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဒေသခံပြည်သူများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ဒေသလိုအပ်ချက်များ တင်ပြဆွေးနွေးကြသည်။ တင်ပြဆွေးနွေးမှု များအပေါ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဖြည့်စွက်ဆွေးနွေး၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊မက်မန်းခရိုင်၊မြို့နယ်ရှိဌာနဆိုင်ရာများ၊ တိုင်းရင်း သားစာပေယဉ်ကျေးမှုအဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော် ၊ ဦးရွှေကြိမ်း ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်တို့က စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြရာ တာဝန်ရှိသူများမှအသီးသီး လက်ခံရယူကြသည်။
၎င်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် VDP ရန်ပုံငွေများကို စီမံကိန်းအဖြစ် ကျေးရွာ(၁၀)အား ထောက်ပံ့ငွေများပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ဦးရွှေကြိမ်း ၊ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး ချုပ် ပြည်နယ်ညွှန်ကြားရေးမှူးတို့က ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အသီးသီးလက်ခံရယူ ကြသည်။
ထို့နောက် မက်မန်းမြို့ ၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု ပညာဒီပဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော် ဘဒ္ဒန္တစန္ဒသိရီ(မဟာသဒ္ဓမ္မဇောတိကဓဇ) အား ဖူးမျှော် ကြည်ညိုကန်တော့၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ နဝကမ္မအလှူငွေနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် မက်မန်းမြို့ ၊ ပြည်သူ့ဆေးရုံ သို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများကို အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့ကြပြီး ဆေးရုံအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် ဝန်ကြီးများ ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တို့က ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ရာ ဆေးရုံတာဝန်ရှိသူတို့မှ လက်ခံရယူကြကြောင်း သိရသည်။
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် မက်မန်းမြို့ရှိ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတွင် ဥစားကြက် မွေးမြူရေး သရုပ်ပြခြံနှင့် မျိုးဝက်သိုးခြံ ၊ နေပီရာမြက် စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် ၊ မက်မန်းမြို့ရှိ နယ်ခြားစောင့်တပ်မှ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကြက်ကောင်ရေ(၃၀၀) မွေးမြူထားသော ကြက်ခြံ သို့ သွားရောက် ကြည့်ရှုကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး